Header Ads

အဌားယာဉ်မောင်း ကို သံတုတ်နဲ့ရိုက်တဲ့ YBS အမှတ် ၆၁ ယာဉ်မောင်းကို လိုင်သာယာမှာဖမ်းမိ


မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းဆုံမီးပွိုင့်နားမှာ အငှားယာဉ်မောင်းကို ဆဲဆိုပြီးသံတုတ်နဲ့ရိုက်ခဲ့ပြီး ထွက်ပြေးသွားတဲ့ YBS အမှတ်၆၁ယာဉ်မောင်းကို လှိုင်သာယာမြို့နယ် ပဒံရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“ ကျွန်တော် ယာဉ်မောင်းထွက်ပြေးသွားခဲ့တဲ့အချိန်ကစပြီးတော့ မြို့နယ်တိုင်းမှာရှိတဲ့ ရဲစခန်းတွေ ရဲတပ်ဖွဲ့ဝင်တွေကို အကြောင်းကြားပြီးတော့ ဖမ်းဆီးရမိနိုင်ရေးကိုလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ လှိုင်သာယာရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ဖမ်းဆီးရမိခဲ့ပါတယ်”လို့ ဘုရင့်နောင်နယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဆိုပါယာဉ်မောင်းမှာ လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ ရန်လင်းအောင်(ခ)ပြူးကြီး(ခ)အောင်နိုင် ဆိုသူဖြစ်ပြီး အသက် ၂၄နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
သူ့ကို ဧပြီလ ၂၆ရက်နေ့ နေ့လည် ၂နာရီမှာ ဖမ်းဆီးရမိခဲ့တယ်လို့လည်းသိရပါတယ်။
ဧပြီလ၂၅ရက်နေ့ညက YBS အမှတ် ၆၁ယာဉ်မောင်း ဟာ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းဆုံမီးပွိုင့်မရောက်ခင် ယာဉ်လမ်းကြောအလယ်မှာ လူအတင်အချလုပ်နေတဲ့ အချိန်မှာ အငှားယာဉ်မောင်းက ယာဉ်ကြောဟနေတဲ့အတွက်ဝင်လာတာကို ဆဲဆိုပြီး သံတုတ်နဲ့ သုံးချက်ရိုက်နှက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။
သံတုတ်နဲ့ရိုက်နှက်ခဲ့တဲ့ဒဏ်ကြောင့် အငှားယာဉ်မောင်းမှာ ဦးခေါင်းချိုစောင်းပေါက်ပြဲဒဏ်ရာ၊ ညာလက်မောင်းညိုမဲဒဏ်ရာနဲ့ဝဲလက်မောင်းလက်ကောက်ဝတ်နာကျင်ဒဏ်ရာများရရှိခဲ့တယ်လို့လည်းသိရပါတယ်။
YBS အမှတ် ၆၁ယာဉ်လိုင်းက အနောက်ပိုင်းတက္ကသိုလ်ကနေ ဆူးလေထိပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်တယ်လို့လည်းသိရပါတယ်။
အများပြည်သူပိုင်ယာဉ်လိုင်း YBS စတင်ချိန်ကစလို့ ဇန်န၀ါရီလကနေ မတ်လအထိ အများပြည်သူကမကျေနပ်လို့ တိုင်ကြားတဲ့အမှုပေါင်း ၁၀၄၃မှုရှိပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုကတော့ ဇန်န၀ါရီလမှာ ၂မှု၊ ဖေဖော်ဝါရီလမှာ ၂မှုရှိခဲ့တယ်လို့လည်းသိရပါတယ်။
YBS အမှတ်၆၁ယာဉ်မောင်း ရန်လင်းအောင်(ခ)ပြူးကြီး(ခ) အောင်နိုင်ကို ဘုရင့်နောင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။
နှင်းနှင်း
Credit: Kumudra
The Now News Journal
27.4.2017 (Thursday)

No comments:

Powered by Blogger.