(၂၈-၄-၂၀၁၇ ရက်နေ့၊ နေပြည်တော်)နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၉-၄-၂၀၁၇ ရက်နေ့တွင် ကျင်းပမည့် (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ယနေ့ နံနက် ၀၉၁၅ နာရီအချိန်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားပါသည်။
(၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင် ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေး ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ ပါဝင် တက်ရောက်မည်ဖြစ်ပါသည်။
Source : Ministry of Foreign Affairs Myanmar
The Now News Journal
28.4.2017 (Friday)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိလစ်ပိုင် နိုင်ငံသို့ထွက်ခွာ
Reviewed by
Unknown
on
April 28, 2017
Rating:
5
No comments:
Post a Comment