ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကာမရာဂစိတ်ကြွဆေးများနှင့် လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ပစ္စည်းရောင်းချသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်
နေပြည်တော်၊ ဧပြီ ၂၇
ကာမရာဂစိတ်ကြွဆေးများနှင့် လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား အင်တာနက်လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား ဆက်သွယ်ရောင်းချမှုများ ရှိနေကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းများရယူပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရက်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်ဆေးရုံရှေ့တွင် ရွှေပေါက္ကံမြို့သစ်၊ (၁၇)ရပ်ကွက်နေ မျိုးဇင်မင်း(ခ)မျိုးဇင်လင်း(ခ)မင်းမင်း(၂၁)နှစ် ဗမာ/ဗုဒ္ဓ အား အမျိုးသမီးများ ကာမစိတ်နိုးကြွစေသည့် အစက်ချဆေး(Sex Drops)(၄)ဘူးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ ယင်းနေ့ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မှုခင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျောက်တံတားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကျောက်တံတား မြို့နယ်၊ (၂)ရပ်ကွက်၊ အနော်ရထားလမ်း၊ မ/၁၆၀၊ (၄)လွှာနေ ဝီဂျေးကူးမား(ခ)ကျော်သူ(ခ) ကျော်ကြီး(၃၂)နှစ် အိန္ဒိယ/ဗုဒ္ဓ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ခွင့်ပြုချက်မရှိဘဲ ပြည်ပမှတင်သွင်း ထားသည့် ကျားအင်္ဂါတု(၁၃)ခု၊ မအင်္ဂါတု(၄)ခု၊ ကျားတန်ဆာသုံးဂေါ်လီကွင်း(၇၀)ခု၊ မစိတ်ဖြေ ပစ္စည်း(၁၅)ခု၊ အမျိုးသား/အမျိုးသမီး လေ့ကျင့်ရေးစက်(၃၈)ခု၊ ကျားတန်ဆာ ကြီးထွားကျင့်ပြောင်း (၅)ခု၊ အမျိုးသမီးရင်သားလေ့ကျင့်စက်(၃)ခု၊ ကာမစိတ်ဖြေကျင့်စက်/စိတ်ဖြေပစ္စည်း(၉၆)ခု၊ လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ချောဆီ(၂၇)ဘူး၊ အမျိုးသမီးကာမစိတ်ကြွဆေး(၁)ဘူး၊ အမျိုးသမီးအင်္ဂါကျဉ်းလိမ်းဆေး (၁၄၄)ဘူး၊ အမျိုးသားကာမ အားတိုးသောက်ဆေး/ ဖျန်းဆေး/ ကြာဆေး (၅၈၀)ဘူး၊ ပစ္စည်းပေးပို့သည့် ဘောက်ချာ(၅)ရွက်၊ ငွေ ၄၇၈,၈၅၀ ကျပ်အား သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်းရှိ လက်ဖက်ရည်ဆိုင် အနီးတွင် ကာမစိတ်ကြွဆေးများ ရောင်းချနေကြောင်း သတင်းအရ ချမ်းမြသာစည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်နေ သီဟမောင်မောင်(၂၄)နှစ်၊ ဗမာ/အစ္စလာမ်နှင့် တစ်ရပ်တည်းနေ ပြည့်ဖြိုးအောင် (၂၄)နှစ်တို့(၂)ဦးထံမှ Spanish Tog Ophery စာတမ်းပါ အမျိုးသမီးသုံး ကာမစိတ်ကြွ ဆေးရည်(၂)ပုလင်း၊ Vimax အမျိုးသားသုံးဟိုမုန်း ဆေးဗူး(၄)ဗူး၊ ရောင်းရငွေ(၅၀,၀၀၀)တို့နှင့်အတူ သိမ်းဆည်းရမိခဲ့သဖြင့် တရားခံများအား သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမျိုးသားဆေးဝါး ဆိုင်ရာဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia/
ရဲဇာနည်
https://www.facebook.com/yezarnimedia/
# thithtoolwin
The Now News Journal
28.4.2017(Friday)

No comments:
Post a Comment