မသေမျိုးဖြစ်တယ်ဆိုတာကိုသက်သေပြမယ်ဆိုပြီး နှလုံးတည့်တည့်ကို ဓားဖြင့်ထိုးပြခဲ့လို့သေဆုံးသွားခဲ့တဲ့ နတ်ကတော်
ချင်းမိုင်မြို့မှာနေထိုင်တဲ့ လူလတ်ပိုင်းနတ်ဝင်သည်တစ်ယောက်ဟာ သူ့ရဲ့ မသေနိုင်တဲ့ အစွမ်းကိုသက်သေပြနိုင်ဖို့အတွက် သူ့ရဲ့ နှလုံးတည့်တည့်ကို ဓားဖြင့် ထိုးပြခဲ့တာကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့ကသေဆုံးခဲ့ပါတယ်။အသက် ၂၅နှစ်ရှိပြီဖြစ်ပြီးတော့ နာမည်ကတော့ Theprit Palee ဖြစ်ပါတယ်။သေဆုံးသွားပြီဖြစ်တဲ့ ဘိုးဘေးတွေရဲ့ ၀ိဥာဉ်ကိုပူဇော်ဖို့အတွက် ကျင်းပပြုလုပ်တဲ့ နတ်ပွဲမှာ နတ်ကရင်းနှင့် ဖြစ်ခဲ့တာဘဲဖြစ်ပါတယ်။ဟိုးအရင်နှစ်တွေတုန်းကထဲက ဒီနတ်ဝင်သည်ဟာ ထူးထူးဆန်းဆန်းတွေပြုလုပ်နေကြဖြစ်ပေမယ့်လည်း ဒီတခေါက်မှာတော့ သူရဲ့ ရင်ဝမှာ တန်းလန်းစိုက်နေတဲ့ ဓားကိုကိုင်လို့သေဆုံးခဲ့ရတာဘဲဖြစ်ပါတယ်။
သူ့ရဲ့ သေဆုံးမှု့ကိုတော့ ဆေးရုံကအတည်ပြုပြီးတော့ကြေညာခဲ့တာဖြစ်ပါတယ်။ဒီလိုလုပ်ကွက်မျိုးကို ခဏခဏလုပ်ပြခဲ့ဖူးပေမယ့်လည်း ဒီတခေါက်မှာ ဘာအမှားအယွင်းရှိခဲ့တာကြောင့် အခုလိုဖြစ်ပျက်ခဲ့တာကိုတော့ ဘယ်သူမှနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီလိုပတ်ဝန်းကျင်မှာနေထိုင်နေကြတဲ့ ပြည်သူတွေပြောပြချက်အရတော့ ဒီလို ပြကွက်မျိုးကို အရင်ကသူပြုလုပ်ပြတုန်းကတော့ သူ့ရဲ့ ရင်ဝမရောက်ခင်မှာဘဲ ဓားက ကျိုးကျိုးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။တကယ်ကို ပြောရခက်တဲ့ ကိစ္စတစ်ခုပါဘဲ။

source : coconut
#Pyae Phyoe(Buzzy.com.mm)
The Now News Journal
27.4.2017(Thursday)
No comments:
Post a Comment