Header Ads

မဲဆောက်နဲ့ မြဝတီအကြား ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ ဖွင့်





Page Liked · 7 hrs 
 
မဲဆောက်နဲ့ မြဝတီအကြား ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့အရှေ့နဲ့ အနောက်ခြမ်း ကုန်သွယ်ရေး စင်္ကြန် အဖြစ် ထားရှိမယ့် စီးပွားရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်း ဖြစ်လို့ နှစ်နိုင်ငံ စလုံးက အခုလို တံတားသစ် ရှိလာတဲ့ အပေါ် အလေးထား နေပါတယ်။

မဲဆောက် မြဝတီ လမ်းကြောင်းကနေ ဗီယက်နမ် အထိ ပေါက်အောင် ရထားလမ်း မကြာခင် ဂျပန် အကူအညီနဲ့ ဆောက်မယ် ဆိုပြီး တံတားဖွင့်ပွဲ တက်လာတဲ့ ထိုင်း ပို့ဆောင် ဆက် သွယ်ရေး ၀န်ကြီး နိုင်အာခုမ် သိမ်ဖိထိယ ဖိုင်ဆစ်က ပြောပါတယ်။

အခု တံတားကို တစ်နှစ်ကျော် အချိန်ယူ တည်ဆောက်ခဲ့ပြီး ပေ နှစ်ထောင့်ငါးရာ နီးပါး ရှည်တဲ့ ၂ လမ်းသွား ကွန်ကရစ်တံတား ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း

No comments:

Powered by Blogger.