Header Ads

ဆင်ကိုသတ်ကာ အမဲဖျက်နေစဉ် ရဲတပ်ဖွဲ့ဖမ်းမိ



ရန်ကုန် ၊ မတ် ၃၀ 

ဆင်ကိုသတ်ကာ အမှဲက်နေစဉ်သစ်တောရဲနှင့်တန်းတိုးသွား၍ဆင်ခိုးဂိုဏ်းမှ (၈) ဦး အဖမ်းခံလိုက်သည့် ဖြစ်စဉ်တစ်ခု ဧရာဝတီတိုင်း ၊ ငပုတောမြို့ နယ်တွင် မတ်လ ၂၈ရက်နေ့က ဖြစ်ပွားခဲ့သည်။

ထိုနေ့က မဲခရဲသစ်တောကြိုးဝိုင်းအတွင်း ထဲက ၁၂ မိုင်ကျေးရွာအနီး တောင်ကြောနေရာတစ်ခုတွင်ဆင်သေအကောင်ကိုလူတစ်စုကဝိုင်းဖျက်နေကြသည်ကို ရဲက တွေ့ ရှိခဲ့၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဧရာတိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ရဲက ကြိုတင်သတင်းရရှိမှုအရ သွားရောက်စစ်ဆေးစဉ်တွေ့ရှိခဲ့သည်ဟု ပြောသည်။

အဆိုပါ ဆင်သည် ဟိုင်းဆင်မဖြစ်ပြီး အလျား (၈)ပေ၊ အမြင့်(၇)ပေ၊ အသက်(၃၀)နှစ်ခန့်ရှိသည်ဟု ရဲက ခန့်မှန်းထားသည်။

ရဲကဆင်သတ်ဖြတ်သူများထံမှဆင်သားအစိမ်းထုပ်(၂)ထုပ်၊အလေးချိန်(၅၁)ပိဿခန့်၊ဆင်နားရွက်(၂)ခု၊အလေးချိန်(၃)ပိဿခန့်၊ဆင်နှာမောင်း(၁)ခု၊အလေးချိန်(၂၀)ပိဿခန့်၊အနက်ရောင်ခေါက်ဓါတ်မီး(၁)လုံး၊ယမ်းမှုန့်များထည့်ထားသော အဖြူရောင်ကော်ဗူး (၁)ဗူးတို့ ကို သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် တောဆင်ရိုင်းအား သတ်ဖြတ်သူ (၈)ဦးကို ကျုံကူးနယ်မြေရဲစခန်း (ပ)၈/၂၀၁၇၊ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့် ထားကြောင်း ဧရာတိုင်းရဲတပ်ဖွဲ့မှသိရသည်

Credit : Popular News Journal

No comments:

Powered by Blogger.