Header Ads

ရုရှား ဘာဘီမ အစားမစာပဲ နေလို့ အသက်ရှင်နိုင်ကြောင်း သက်သေပြ


Thursday, April 03, 2014
လူသား ဘာဘီမလေး (Human Barbie) လို့ တင်စား ခေါ်ဝေါ်တဲ့ Valeria Lukyanova ဆိုတဲ့ ယူကရိန်းက အမျိုးသမီးကို သိကြမှာပါ။ ယခု သူဟာ အစားမစာပဲ အသက်ရှင်နိုင်ကြောင်း သက်သေပြမလို့ ပြုလုပ် နေပါတယ်။

အစားအစာနဲ့ ရေ ဟာ လူသားတွေ အသက်ရှင်ဖို့ အတွက် မလိုအပ် ကြောင်း သက်သေ ပြဖို့ အတွက် သူမဟာ လေပဲ ရှူမှာ ဖြစ်ပါတယ်။ လေရှူပြီး အလင်းရောင် အောက်မှာ နေရုံနဲ့ အသက်ရှင်တယ်လို့ ဆိုပြီး ယင်း ကျင့်စဉ်ကို စတင် ပြလုပ်နေပြီ ဖြစ်ပါတယ်။ သူမဟာ ပရော်ဖက်ရှင် နယ် မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလို ကျင့်စဉ်နဲ့ သက်သေ ပြရန် ပြုလုပ်မှုကိုတော့ အများက ကန့်ကွက် ဝေဖန် ရှုံ့ချ ထားပါတယ်။

သူမ အနေနဲ့ ကတော့ အခန်းထဲမှာ အလင်းရောင်နဲ့ လေဓာတ် ရရုံနဲ့ အသက်ရှင်နိုင်တယ်လို့ ဆိုတဲ့ Breatharianism ကို စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
  အောင်ခမ်း (ရိုးရာလေး)
Credit to http://www.myanmarcnn.com/2014/04/blog-post_6329.html

No comments:

Powered by Blogger.