Header Ads

ကိုယ်ကိုယ်တိုင် ကြော်ငြာပြီး ပြည်ပကို ထိုးဖောက်တော့မယ့် ဖြူဖြူကျော်သိန်း


Wednesday, April 02, 2014
  ပြည်တွင်း ဖျော်ဖြေပွဲတွေ တောက်လျှောက် သွားဖြစ်နေတဲ့ တေးသံ ရှင် ဖြူဖြူကျော်သိန်း က ဧပြီ ၆ ရက်နေ့ စင်ကာပူမှာ နီနီခင်ဇော် နဲ့ အတူ ဖျော်ဖြေ ပွဲတစ်ခု သွားရောက် ဖို့ရှိပြီး ဧပြီလ ၁ဝ ရက်နေ့ မှာတော့ ဖြူဖြူကျော်သိန်း က ဟောင်ကောင်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ် ဖို့ရှိတယ်လို့ သိရပါ တယ်။

ဟောင်ကောင် မှာပြုလုပ်မယ့် ပွဲကတော့ ဖြူဖြူကျော်သိန်း ကိုယ်တိုင် ပြည်ပထိ ခြေဆန့်ဖို့ ထိုးဖောက်တဲ့ ခြေလှမ်းတစ်လှမ်း လည်းဖြစ်ပါတယ်။

မက်ဒေါနား၊ လေဒီဂါဂါ စတဲ့ကမ္ဘာကျော် အဆိုတော်များ တက်သစ်စဘဝမှာ အစပြုဖျော်ဖြေ ခဲ့တဲ့ နေရာ တစ်ခုဖြစ် တဲ့ ဟောင်ကောင် မြို့လယ်က Fringe ဆိုတဲ့ Club တစ်ခုမှာ ဖျော်ဖြေ ခွင့် တင်ပြီး ပြည် ပနိုင်ငံသား များကို ဖျော်ဖြေမှာဖြစ်ပါတယ်။

အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက “ဟောင်ကောင် မြို့လယ် မှာရှိတဲ့ Fringe ဆိုတဲ့ကလပ် မှာ ဖျော်ဖြေ မှာ ပါ။ အဲဒါက မက်ဒေါနားတို့၊ လေဒီဂါဂါတို့ တက်သစ်စ ဘဝမှာ ဖျော်ဖြေခွင့်ပေး ခဲ့တဲ့ အစဉ်အလာ ရှိတဲ့ ကလပ် တစ်ခုပေါ့။ အဲဒီမှာ ဖြူဖြူ့ အနေနဲ့ ကိုယ့်ရဲ့ Profile ကို တင်ပြပြီး ကြော်ငြာရတယ်။ သူတို့က ဒီ Artist ရဲ့ Profile၊ ပရိသတ် လက်ခံမှု စသဖြင့် အဲဒါတွေ ကိုပြန်ကြည့်ပြီး သူတို့ဆီမှာ ရွေးချယ် ဖျော်ဖြေ ခွင့်ပေးတယ်။ အဲဒီ မှာ လာကြည့် ကြတဲ့ သူတွေသည် လည်း နိုင်ငံတကာက ဂီတအေဂျင်စီတွေ၊ ဂီတ ကုမ္ပဏီတွေက လူတွေချည်း ပဲဖြစ်တယ်။ နိုင်ငံတကာက Artist အသစ်တွေကို ရှာဖွေ တတ်တဲ့နေရာ မျိုးပေါ့။ ကလပ် အနေနဲ့လည်း အဲဒီလို Image ကောင်း တဲ့နေရာဖြစ်တော့ လာပြီး ဖျော်ဖြေချင်တိုင်း လည်း မရဘူး။ သူတို့ဘက် ကလက်ခံ မှ ဖျော်ဖြေခွင့် ရမယ်။ ကိုယ်ကတော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကြော်ငြာရတာပေါ့။ အဲဒီမှာ သူတို့ဘက် ကလည်း စိတ်ဝင်စားပြီး ဖျော်ဖြေ ဖို့ဖြစ်လာတယ်။ လက်မှတ် နဲ့ပွဲပါပဲ။ လက်မှတ် ကိစ္စတွေလည်း သူတို့ဘက် က အားလုံး စီစဉ်ပေးတယ်။

ဒီ တစ်ခေါက် ကတော့ ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ကြော်ငြာ ပြီး ပြည်ပနိုင်ငံသား တွေရှေ့ မှာ ဖျော်ဖြေ ရမှာပေါ့။ ဒါကလည်း ဒီမှာမို့လို့ ခက်နေတာပါ။ ဂီတ ကုမ္ပဏီကြီးတွေ မရှိတဲ့အခါ ကိုယ့် ကိုယ်ကိုယ် ထုပ်ပိုးပြီး ကိုယ်တိုင် လုပ်နေရတယ်။ အဓိက ကလည်း ခိုး ကူးကြောင့် မရပ်တည်နိုင်တော့ တာတွေပါတယ်။ အဲဒီအတွက် ကိုယ်တိုင် လုပ်ရတယ်။ ဒါက နိုင်ငံ တကာကို ထွက်ဖို့အတွက် ပထမ ခြေလှမ်းသစ် လှမ်းတဲ့သဘောပါ။ ပင်ပန်းပေမယ့် ပျော်တယ်။ ကိုယ်လုပ်နိုင် သလောက် အဆုံးထိလုပ် သွားမယ်။

အဲဒီက တစ်ဆင့် ကိုယ့်ကို သတိထား မိသွားရင် နောက် ပိုင်း မျိုးဆက်တွေ မှာလည်း ပို ပြီး သတိထား မိကောင်း ထားမိလာ မယ်။ ဒီမှာ ဆိုလိုက်လို့ ဘာဖြစ်မလဲ တော့ မသိဘူးပေါ့။ ဒါပေမဲ့ မျှော်လင့် လို့တော့ ရတယ်။ နောင်တစ်ချိန် မှာ ဒီကိုလည်း ဂီတ ကုမ္ပဏီ ကြီးတွေ ဝင် မလာဘူးလို့ မပြောနိုင်ဘူး” လို့ပြောတဲ့ ဖြူဖြူကျော်သိန်း က ဧပြီ ၆ ရက်နေ့ စင်ကာပူ ဖျော်ဖြေပွဲပြီးတာနဲ့ ဟောင်ကောင် ကို တိုက်ရိုက်သွား မှာ ဖြစ် ပြီးဟောင်ကောင် မီဒီယာ များ နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိ ရပါတယ်။

ရဲရဲ

Popular Journal by Popular Journal

No comments:

Powered by Blogger.