Header Ads

လက်ထိတ်သံကြိုးတန်းလန်းနှင့် ဆေးရုံတက်ခဲ့ရသည့်အမျိုးသမီး ၁၃ရက်ကြာအချုပ်ခံရပြီးနောက် တရားရုံးမှပုဒ်မ ပြောင်းလဲ


(Yangon Times Journal အတွဲ (၁၀) အမှတ် (၁၄) )

သော်ဇင်ထက် ၊ ရန်ကုန်၊

လက်ထိတ်သံကြိုးတန်းလန်း နှင့် ဆေးရုံတက်ခဲ့ရသည့် အမျိုးသမီး ၁၃ရက်ကြာ အချုပ်ခံရပြီးနောက် တ ရားရုံးမှ ပုဒ်မပြောင်းလဲလိုက်သဖြင့် အာမခံရရှိကာ နေအိမ်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါ အမျိုးသမီး၏ခင်ပွန်းက ပြောသည်။

ထိုအမျိုးသမီးမှာ လေဆာဝေါ တွင် လေးလကြာ ရုပ်သံတင်ဆက်သူ အဖြစ် လုပ်ကိုင်ခဲ့သူ မဆုဆုအောင် ဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးမည့် ဇာတ်လမ်း တွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံ ခဲ့ရပြီးနောက် အလုပ်မှထွက်ခွာခဲ့ရာ ဇာတ်ညွှန်းမိတ္တူ ပါရှိသွားသဖြင့် ကုမ္ပဏီ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရ ခြင်းဖြစ်သည်။

ထိုအမျိုးသမီးအား ဆေးရုံတွင် လက်ထိတ်ခတ်ကာ သံကြိုးတန်းလန်း ဖြင့် ချည်နှောင်ခဲ့မှုကြောင့် ဖေ့စ်ဘွတ်ခ် ပေါ်တွင် တေးသံရှင် Cobra မှ တင် လိုက်သည့်အတွက် လူပြောများခဲ့ပြီး ဇာတ်ညွှန်းပိုင်ရှင်ဖြစ်သူ Laser World ကုမ္ပဏီက Cobra အား တရားစွဲဆိုရန် စီစဉ်သွားမည်
  ဖြစ်ကြောင်းကိုလည်း ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ပြောသည်။

  ဖြစ်စဉ်နှင့်ပတ်သက်ပြီး ခင်ပွန်း ဖြစ်သူက ''ကျွန်တော့်အမျိုးသမီးကို အစတုန်းက ရဲစခန်းမှ အာမခံမရတဲ့ ပုဒ်မ ၃၈၁နဲ့ အမှုဖွင့်တယ်။ နောက် တော့ တရားရုံးကို အမှုတင်ဖို့လုပ်တဲ့ အခါ တရားရေးအရာရှိက ဒီအမှုက ပုဒ်မ ၃၈၁ တပ်ခွင့်မရှိဘူးဆိုပြီး ရဲအ ရေးမပိုင်တဲ့အတွက် ပုဒ်မ ၄ဝ၃ကို ပြောင်း လဲပေးလိုက်တယ်''ဟု ပြောသည်။

မဆုဆုအောင်မှာ လေဆာဝေါ ကုမ္ပဏီတွင် ၂ဝ၁၃ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ လေးလကြာ ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင် ခဲ့ပြီး အလုပ်မှထွက်ခွာပြီးနောက် ချစ် သူနှင့် သြဂုတ်လတွင် ခိုးရာလိုက်ပြေး ခဲ့ကြောင်း ဇာတ်ညွှန်းမိတ္တူအား ခိုး ယူခံရမှုဖြင့် ၂ဝ၁၄ မတ်လတွင် ကုမ္ပ ဏီမှ တရားစွဲဆိုခြင်း ဖြစ်သည်။

''ကျွန်တော့်အနုပညာဖြစ်တဲ့ အတွက် မိတ္တူလဲ တန်ဖိုးထားပါတယ်။ ဇာတ်ညွှန်းကို ဇာတ်လမ်းမရိုက်ခင် အိမ် ကိုယူခွင့်မပေးထားပါဘူး။ ဒါကိုသူက ယူသွားတာပါ။ သူကလဲ ယူသွားတယ် လို့ပြောပါတယ်။ ကုမ္ပဏီပစ္စည်းပျောက် တဲ့အတွက် စီမံရေးရာမန်နေဂျာကို တရားလိုလုပ်ပြီး ဒီကောင်မလေးကို တရားစွဲရတာပါ''ဟု ဦးအောင်ကြူ ဟိန်းက ဆက်ပြောသည်။

ယခုအချိန်တွင် ပစ္စည်းကို မရိုး မဖြောင့်သောသဘောဖြင့် အလွဲသုံး စားပြုမှု ပုဒ်မ ၄ဝ၃ ဖြင့် စွဲချက်တင် ထားသဖြင့် တရားရုံးတွင် အမှုဆက် လက် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း မဆုဆုအောင်၏ခင်ပွန်းဖြစ်သူ ကိုဖြိုး အောင် ဝင်းကပြောသည်။

  ဖေ့စ်ဘွတ်ပေါ်တွင် ဓာတ်ပုံတင် ခဲ့သူ တေးသံရှင် Cobra(ကော်ဘရာ) ကိုလည်း ကျောက်တံတားရဲစခန်းတွင် မတ်လ ၂၉ ရက်က တိုင်ချက်ဖွင့်ခဲ့သည်။

''သူတို့အမှုဖွင့်ရင်လဲ ရင်ဆိုင်ရုံ ပေါ့။ ကျွန်တော့်ဘက်က ဒါနဲ့ပတ်သက် ပြီး ရင်မခုန်ပါဘူး။ အခုထိတော့ ကျွန် တော့်ဆီကို အကြောင်းကြားစာ မ ရောက်သေးပါဘူး''ဟု Cobra က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

Yangon Media Group
Credit to http://www.myanmarcnn.com/2014/04/blog-post_9317.html

No comments:

Powered by Blogger.