ဗိုက်သားဖောက်ထားသော နွားများ
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း နွားများကို ဝမ်းဗိုက်ဖောက်ပြီးမွေးတဲ့ ယဉ်ကျေးမှု လည်း ရှိပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း နွားရဲ့  အစာချေဖြတ် စနစ်ရှိတဲ့ ဝမ်းဗိုက်သား ဆီကို တိုက်ရိုက်အပေါက်ဖောက်ထားပါတယ်။ ပြွန်ချောင်းလို ပိုက်ကို သွင်းထားပြီး ယင်းထဲကို လက်နဲ့ နိုက်ရင် Rumen လို့ခေါ်တဲ့ နွားရဲ့  အစာချေဖြတ် စနစ်ကို တိုက်ရိုက်ရောက်ပါတယ်။ ရည်ရွယ်ချက် ကတော့ သုတေသန ဖြစ်ပြီး အစာချေဖြတ်စနစ် ကောင်းကောင်း အလုပ်လုပ်မလုပ်၊ ဘက်တီးရီးယား ရှိမရှိတို့ကို လေ့လာဖို့ ဖြစ်ပါတယ်။
ပြီးတော့ နွား နို့ထွက်သန်အောင်လည်း ယင်းထည့်သွင်းလို့ ရပါတယ်။ ကျန်းမာရေးကို အမြဲစောင့်ကြည့်ဖို့လို့ ဆိုပေမယ့် နို့ထွက်ကောင်း၊ အသားကောင်းဖို့အတွက် အပေါက်ဖောက် စောင့်ကြည့်၊ ပြုစုခြင်း သာ ဖြစ် ပါတယ်။
၁၉၂၀ နောက်ပိုင်းကတည်းက ပေါ်လာတဲ့ ဆေးပညာ၊ နည်းပညာ ဖြစ်ပြီး နွား တိရစ္ဆာန်များအပေါ် ယခုလို ဝမ်းဗိုက်ဖောက် မွေးမြူ ခြင်း အတွက် တားမြစ်၊ လက်မခံသူများ ရှိသလို ပြုလုပ်နေသူများလည်း များစွာ ရှိနေကြောင်း သိရပါတယ်။
–
Ref: wiki
innewsmyanmar
Credit to http://www.ygnnews.com/2014/04/blog-post_2866.html

No comments:
Post a Comment