Header Ads

သမီးလေးကို ရွှေလက်တွဲလို့ ကော်ဇောမှာ လမ်းလျှောက်ချင်တဲ့ အဖေ




ပုံမှာ မြင်တွေ့နေရတဲ့ သမီးနဲ့ အဖေ ကတော့ အမေရိကန်နိုင်ငံ၊ လော့အိမ် ဂျလစ် ပြည်နယ်က အသက် ၆၂ နှစ် အရွယ် Jim Metz နဲ့ အသက် ၁၁ နှစ်အရွယ် Josie လို့အမည်ရတဲ့ သမီးငယ်လေး ဖြစ်ပါတယ်။ အသက်ကြီးမှ ကလေးရတဲ့ မိသားစု မို့လို့ပါ။

ကံဆိုးချင်တော့ အဖေဖြစ်သူ Jim ကော၊ သူ့အမျိုးသမီးပါ လပိုင်း အတွင်း သေရတော့မယ် pancreatic ကင်မရာ ဝေဒနာကို ခံစား နေရ ပါတယ်။ ဒီတော့ အသက် ငယ်ငယ်လေးနဲ့ Josie ဟာ မိဘမဲ့ ဖြစ်လာမှာပါ။ မိဘ ဖြစ်သူဟာ သူတို့ သမီးလေးကို လက်ထက် တဲ့အခါ အဖေက လက်ဆွဲ သွားပြီး သားမက်လောင်းဆီ လက်လွဲပေးတဲ့ ပီတိအချိန်ခါကို လိုချင် ပါတယ်။ သမီး ဖြစ်သူဟာလည်း အဲ့လို အခြေအနေ တစ်ခုကို မျော်လင့် တာပါ။ သို့ပေမယ့် မရနိုင်တော့ ပါဘူး။

ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် မသေခင် အဖေဖြစ်သူက လက်တွဲပြီး မင်္ဂလာ လျှောက်လမ်းမှာ ခေါ်ဆောင်သွားပေးတဲ့ ခံစားမှု ရရှိအောင် မင်္ဂလာဆောင် အစစ် မဟုတ်တဲ့ ခံစားမှု အသားပေး မင်္ဂလာပွဲ အတုလေး ပြုလုပ် ပါတယ်။ ဒီအတွက် ဓာတ်ပုံစတူဒီယို တစ်ခုရဲ့ ဝန်ဆောင်မှု နဲ့ မှတ်တမ်း တင်ခဲ့ ပါတယ်။ အိမ် ခြံဝိုင်းထဲမှာပဲ မင်္ဂလာဆောင် အဆင်အယင် များကို သေချာ ပြုလုပ်ပေးခဲ့ ပါတယ်။

တစ်ချိန်ကျရင် မင်္ဂလာဆောင်မယ့် သမီးလေးကို ရွှေလက်တွဲလို့ မင်္ဂလာ လျှောက်လမ်းသို့ ခေါ်ဆောင်မယ့် မိရင်း ဖရင်း မရှိတော့မယ့် Jim ကို တစ်ကမ္ဘာလုံးက ကိုယ်ချင်းစာ စာနာ သနားခဲ့ကြ ပါတယ်။
.
Ref: Lifefm
  အောင်ခမ်း (ရိုးရာလေး )
Credit to http://www.myanmarcnn.com/2014/04/blog-post_357.html

No comments:

Powered by Blogger.