Header Ads

PID အမျိုးသမီးရောဂါ


ဆရာ သမီးသိချင်တာက တင်ပါးဆုံတွင်းအင်္ဂါရောင်တယ်ဆိုတာဘာလဲ ဘယ်လိုမျိုးတွေခံစားရပါသလဲ။

• PID တင်ပါးဆုံတွင်းအင်္ဂါတွေရောင်တယ်ဆိုတာ မျိုးပွါးနိုင်တဲ့အရွယ် အမျိုးသမီးအားလုံးမှာ အများဆုံးဖြစ်တဲ့ ကူးစက်ရောဂါတခု ဖြစ်တယ်။ ပေါ့သေးသေးကနေ ဆိုးဆိုးဝါးဝါးအထိ ရှိတယ်။ Neisseria Gonorrhea (ဂနိုရီးယား) ဖြစ်စေတဲ့ ပိုး နဲ့ Chlamydia trachomatitis မွေးလမ်းရောင်တာ ဖြစ်စေတဲ့ပိုး ၂ မျိုးကနေ အများဆုံး ကူးစက်စေတယ်။ ဒါပေမဲ့ ၃ဝ-၄ဝ% သော PID တွေက ပိုးတမျိုးမကကြောင့် ဖြစ်တယ်။
• ဗက်တီးရီးယားတွေဟာ မွေးလမ်းအဝ နဲ့ အောက်ပိုင်းကနေ အထက်ကို တက်တယ်။ သာမန်ဆိုရင် ဘာပိုးမှ ရှိမနေတဲ့ သားအိမ်အတွင်း နဲ့ အနီးတဝှိုက်ကို ရောက်လာနိုင်တယ်။
• အဖြစ်အများဆုံးဟာ STD လိင်ကတဆင့် ကူးစက်တာ ဖြစ်ပါတယ်။
- STD လိင်ကတဆင့် ကူးစက်ရောဂါတခုခု ရှိနေသူတွေ၊
- လိင်ဆက်ဆံဘက် အဖေါ်များသူတွေ၊
- အပျိုဘော်ဝင်စ အရွယ်တွေ၊
- မူးယစ်ဆေး သုံးသူတွေ၊
- IUCD ကိုယ်ဝန်တား ပစ္စည်းထည့်ထားသူတွေ နဲ့
- Douching ဗဂျိုင်းနားကို ခဏခဏ ဆေးရည်နဲ့ ဆေးကြောတတ်သူတွေမှာ ပိုအဖြစ်များတယ်။
• ကိုယ်ဝန်ဆောင်ရင် အဖြစ်နည်းလာတာ တွေ့ရပေမဲ့ ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ လာဖြစ်ရင် အထဲက ကလေးကို ထိခိုက်နိုင်တယ်။
• PID ဖြစ်လာရင် -
- ဆီးစပ်နေရာ နာမယ်၊ ဗိုက်အောက်ပိုင်း နာမယ်။ တဘက်ဘက်မှာ နာနိုင်တယ်။
- မွေးလမ်းကနေ အဖြူဆင်းမယ်၊
- အခါမဟုတ် သွေးဆင်းမယ်၊
- လိင်ဆက်ဆံရင် နာမယ်။
- အားယုတ်တာ၊ ပျို့ချင် အန်ချင်တာ နဲ့ ကိုယ်ပူတာတွေလဲ တွဲဖြစ်နိုင်တယ်။
- ဆီးအောင့်တာနဲ့လဲ တွဲနေတတ်တယ်။
- ဖြစ်ရင် ရာသီလာပြီးစ အဖြစ်များတယ်။
• သိပ်မဆိုးသူတွေကို အပြင်လူနာလို ကုသနိုင်တယ်။ Ceftriaxone 250 mg IM or Cefoxitin 2 gm + Probenecid 1 mg P- or III generation Cephalosporin + Doxycycline 100 mg BD x 14 days or Ofloxacin 400 mg BD x 14 days + Metronidazole 500 mg BD x 14 days
• ဆိုးဝါးလို့ ဆေးရုံတင်ကုသရရင် Cefotetan 2 gm IV BD or Cefoxitin 2 gm IV QID + Doxycycline 100 mg IV/P- BD or Clindamycin 900 mg IV TDS + Gentamycin IV/IM 2 – 1.5 mg/kg TDS
• စောစော သိပါ။ ထိရောက်အောင် ကုပါ။ ဆေးပါတ်လည်အောင် ကုသပါ။
• ဒီရောဂါ နာတာရှည် ဖြစ်နေသူတွေမှာ
- ကလေး မရနိုင်တာ၊
- ဆီးစပ်နေရာ အကြာကြီး နာနေတာ နဲ့
- သားအိမ်ပြင်ပ သန္ဓေတည်တာတွေ ဆက်ဖြစ်လာနိုင်တယ်။

Dr. တင့်ဆွေ

Credit Link -  ဆေးပညာဆိုင်ရာဆောင်းပါးများ

No comments:

Powered by Blogger.