Header Ads

အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ


အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံ့နှံ့မှု တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဋ္ဌာန (CDC)က သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသမီးတစ်ယောက်ဟာ တခြားအမျိုးသမီးတစ်ယောက်နဲ့ လိင်ဆက်ဆံရာကတဆင့် HIV ကူဆက်ခဲ့တာပါ။

အသက် ၄၆နှစ်ရှိ အဲ့ဒီ့အမျိုးသမီးဟာ သူမရဲ့ အမျိုးသမီးဖော်ဆီကတဆင့် ကူးစက်တယ်လို့ သိရတဲ့ HIV ရောဂါပိုးကို အသစ်ရှာဖွေတွေ့ရှိတယ်လို့ စမ်းသပ်စစ်ဆေးမှုက အတည်ပြုခဲ့ပါတယ်။ သူမရဲ့ အမျိုးသမီးဖော်ဟာ အရင်က HIV ရောဂါပိုးရှိခဲ့သူဖြစ်ပြီး ၂၀၁၀ခုနှစ်မှာ HIVရောဂါ ကုသခံယူမှုကို ရပ်ဆိုင်းခဲ့ သူပါ။

အမျိုးသမီးကတဆင့် အမျိုးသမီးကို လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ HIVရောဂါပိုးဟာ ရှားပါးပြီး သေသေချာ လေ့လာစိစစ်ဖို့လည်း ခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:wdam.com
Trend Myanmar

No comments:

Powered by Blogger.