Header Ads

ကျော်ဇေယျာဝင်း သွားရောက်ကစားနေသော ပီရတ်အသင်း ကျော်ကိုကို ကို ခေါ်ယူရန် စိတ်ဝင်စား


Friday, March 21, 2014

မလေးရှား စူပါလိဂ်ကလပ် ပီရတ်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူးဖြစ်သူ ကျော်ကိုကို ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ပီရတ်အသင်းသည် မြန်မာယူ-၂၃ အသင်း ခေါင်းဆောင် ကျော်ဇေယျာဝင်း သွားရောက် ကစားနေသည့် အသင်းဖြစ်ပြီး ကျော်ဇေယျာဝင်း၏ အဆက်အသွယ်ဖြင့် ခေါ်ယူရန်စီစဉ်နေခြင်း ဖြစ်သည်။

ကျော်ကိုကိုသည် ပြီးခဲ့သည့် ၂၀၁၃ ရာသီအစက ရန်ကုန်အသင်းသို့ မြင့်မားသည့် လစာငွေဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း အတွေ့အကြုံကောင်းများ ပိုမိုရရှိစေရန်အတွက် ပြည်ပကလပ်အသင်းများသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြောင်း သိရသည်။
လက်ရှိ မြန်မာ့လက်ရွေးစင်ကစားသမားများထဲမှ ကျော်ဇေယျာဝင်းနှင့် ပိုင်စိုးတို့မှာ ပြည်ပကလပ်အသင်းများတွင် သွားရောက် ကစားလျက်ရှိပြီး ကြည်လင်း၊ ရန်အောင်ကျော်၊ ကျော်ကိုကို စသည့် ကစားသမားများမှာလည်း ပြည်ပတွင် သွားရောက် ကစားရန် စီစဉ်လျက်ရှိသည်။ ပီရတ်အသင်းမှာ ကျော်ကိုကို ကိုခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း မတ် ၂၀ ရက်အထိ ရန်ကုန်ယူနိုက်တက်အသင်းထံ တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ရခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group

Credit Link - Myanmar Forward

No comments:

Powered by Blogger.