Header Ads

ရန်ကုန်မြို့ပတ်ရထားလက်မှတ်များ မကြာမီ ပုံစံပြောင်း၍ အသုံးပြုတော့မည်။


နေပြည်တော် မတ် ၁၂
မြန်မာ့မီးရထားမြို့ပတ်ရထားများတွင် လက်ရှိအသုံးပြုနေသော ၁၀၀ ကျပ်တန် ရထားလက်မှတ်များသည် ခရီးစဉ် (၁)နှင့် ခရီးစဉ်(၂) ဟု ရေးသားထားသဖြင့် ခရီးသွားပြည်သူများ မကြာခဏမေးမြန်းခြင်း၊ အထင်လွဲ၍ တိုင်ကြားခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် ယင်းအခက်အခဲများကို ပြေလည်အောင်ဖြေရှင်းနိုင်ရန် မြန်မာ့မီးရထားမှ နည်းလမ်းများရှာဖွေခဲ့သည်။
များမကြာသေးမီက ပြေးဆွဲပေးခဲ့သော အဲယားကွန်းရထား “ဇ”နှင့် “ဂ” မြို့ပတ်ရထားများတွင် အထူးတွဲများ ချိတ်ဆွဲခြင်းအတွက် ကောက်ခံ သော ၂၀၀ ကျပ်တန်၊ ၃၀၀ ကျပ်တန်၊ ၄၀၀ ကျပ်တန် ရထားလက်မှတ် ပုံစံများသည် (ခရီးစဉ်တစ်ခုတည်းအတွက်သာ) ဟု ရေးသားထားသဖြင့် နားလည်ရလွယ်ကူကြောင်း၊ လက်မှတ် စစ်ဆေးရသည်မှာလည်း လွယ်ကူကြောင်း သိရှိရပြီး အကြိမ်ကြိမ်စီးနင်းခြင်း၊ လက်ပြောင်းလက်လွှဲ စီးနင်းခြင်း မပြုလုပ်နိုင်သဖြင့် နိုင်ငံတော်အတွက် ဝင်ငွေများလေလွင့်ဆုံးရှုံးမှု မရှိနိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ ၁၀၀ ကျပ်တန်ရထားလက်မှတ်များကို ၂၀၀၊၃၀၀၊၄၀၀ ကျပ်တန် ရထားလက်မှတ်များကဲ့သို့ ပြောင်းလဲရိုက်နှိပ် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

Credit to Myawady News
မူရင်း Link - https://www.facebook.com/BurmaseTreasure/posts/760152950670148?notif_t=notify_me

No comments:

Powered by Blogger.