၃၁ နှစ်တိုင်တိုင်ဇွဲမလျှော့ဘဲ ၁၀ တန်းစာမေးစာမေးပွဲဖြေဆိုနေသူ ဦးအုန်းရွှေ
![]() |
မြန်မာစာဖြေပြီး ပြန်လာသောဦးအုန်းရွှေ |
၁၉၈၂-၈၃ ပညာသင်နှစ်မှ ယခု ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ထိ ၃၁ နှစ်တိုင်တိုင်ဇွဲမလျှော့ဘဲ ၁၀ တန်းစာမေးစာမေးပွဲဖြေဆိုနေသူ ဦးအုန်းရွှေ ဖြစ်ပါတယ်။
NLD ပါတီဝင်တစ်ဦးဖြစ်ပြီး အမေစုကို ထာဝရထောက်ခံနေသူတစ်ဦး လည်းဖြစ်ပါတယ်။သူသာ ၁၀ တန်းမအောင်သေးပေမယ် သူ၏တပည့်များသည်ပင် စစ်ဗိုလ်များ၊ဆရာဝန်ကြီးများအဆင့်ဖြစ်နေပါ ပြီ။ မြန်မာစာလက်ရေးမှာ အထူးသေသပ်လှပသူဖြစ်ပါသည်။ စာပေဗဟုသုတကြွယ်ဝပြီး English Speaking နိုင်နင်းစွာပြော ဆို နိုင်သူတစ်ဦးဖြစ်ပါသည်။ နိုင်ငံရေးအမြင်ကြွယ်ဝသူတစ်ဦးလည်းဖြစ်ပါသည်။ မနှစ်က Weeky Eleven Journal တွင် မြန်မာတစ်နိုင်ငံလုံး ၁၀ တန်းစာမေးပွဲကို သက်တမ်းအရင့်ဆုံးဖြေဆိုသူအဖြစ် အင်တာဗျူး ခြင်းခံထားရသူဖြစ်သည်။ ယခုအခါ သာစည်မြို့အာရုဏ် ဆွမ်းပါတ်အသင်းကြီး၏ နိဗ္ဗာန်ဆော်အဖြစ် ကုသိုလ်ယူ ဆောင်ရွက်နေ သူတစ်ဦးဖြစ်ပါသည်။
ယနေ့ မြန်မာကမ္ဘာ့သတင်းများ
Credit Link - http://www.myanmarcnn.com/2014/03/blog-post_1052.html
No comments:
Post a Comment