Header Ads

မော်ဒယ်လ် အောန်ဆိုင်းကို ကချင် အနုပညာရှင်များ အသင်း ဂုဏ်ပြု

မြစ်ကြီးနား၊ မတ် ၁၅

ကိုရီးယားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော ၂၀၁၄ Asia Model Festival Award ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုကာ Myanmar Model Award ဆုကို ရရှိခဲ့သည် ကချင်တိုင်းရင်းသူ သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်းအား ကချင် အနုပညာရှင်များ အသင်းက ဂုဏ်ပြုဆု ပေးအပ်ပွဲကို မတ်လ ၁၅ ရက်နေ့က မြစ်ကြီးနား မနောကွင်း အတွင်းရှိ မနောရိုးရာ အိမ်တော်တွင် ပြုလုပ်ခဲ့ကြောင်း ကချင် အနုပညာရှင်များ အသင်း ဥက္ကဋ္ဌ ကိုအဘားဒီးက The Voice သို့ ပြောကြားသည်။

“ကချင်တိုင်းရင်းသား အနုပညာရှင်တွေ ထဲက အာရှ အတိုင်းအတာထိ အောင်မြင်ခဲ့တဲ့ ရလဒ်အတွက် ကချင်အနုပညာရှင် အားလုံးကိုယ်စား ဂုဏ်ပြုခြင်း ဖြစ်ပါတယ်” ဟု ကိုအဘားဒီးက ဆိုသည်။

ကချင်တိုင်းရင်းသူ အနုပညာရှင် မော်ဒယ်လ် သရုပ်ဆောင် အောန်ဆိုင်း ရရှိခဲ့သော ဆုမှာ ကိုရီးယားနိုင်ငံက အာရှနိုင်ငံများ အတွင်းမှ မော်ဒယ်လ်များအား ရွေးချယ် ပေးအပ်သည့် ဆုဖြစ်ပြီး ၂၀၁၄ အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်းက ဆိုသည်။

“အောန်ဆိုင်း အတွက်တော့ ဒီပွဲက ကြီးမားတဲ့ အတွေ့အကြုံပါပဲ။ ဒီဆုကလည်း အောန်ဆိုင်းကို အားပေးနေတဲ့ ပရိသတ် အတွက်ပါ။ အောန်ဆိုင်းကို ဆုတောင်းပေးပြီး အားပေးနေတဲ့ ပရိသတ် အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အောန်ဆိုင်းက ပြောကြားသည်။

The Voice Weekly
Credit Link - http://www.myanmarnewsnow.org/2014/03/blog-post_16.html

No comments:

Powered by Blogger.